A Good Person (2023)

Trailer : A Good Person (2023)

A Good Person (2023)
Year : 2023 7.0 /10 Sound : SUB HD

Synopsis : A Good Person (2023)

Alison ဆိုတဲ့ကောင်မလေးက ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းဖြစ်ပြီး ဘာကိုမှလေးလေးနက်နက်မစဥ်းစားပဲ ပေါ့ပေါ့ပါးပါးပဲ နေတက်တဲ့ မိန်းကလေးတစ်ဦးပါ။

Nathan နဲ့ စေ့စပ်ထားထားပြီး ဘဝကို ပျော်ရွှင်စာဖြတ်သန်းနေသူတစ်ဦးပါ။

ကံကြမ္မာဆိုတာလည်း ပြောရခက်သားမှတ်လား….

အစစအရာအရာ အဆင်ပြေနေပြီဆိုရင်… ကံဆိုးမှု တစ်ခုပို့ပေးလိုက်မှ နေသာထိုင်သာရှိတက်တယ်ထင်ပါ့

Alison က Nathan ရဲ့ အစ်မ Molly နဲ့ သူ့ယောက်ျားကို သူ့မအတွက် မင်္ဂလာဆောင်ဝတ်စုံ ကူရွေးပို့အတွက် ခေါ်သွားရင်း ကားမတော်တဆဖြစ်ခဲ့ပြီး Mollyနဲ့ သူ့ယောက်ျားတို့ သေဆုံးသွားခဲ့တယ်….

အဲ့ဒီမတော်တဆမှုကြီးအပြီးမှာ အရာအားလုံးပြောင်းလဲသွားပါ‌တော့တယ်…

Molly ရဲ့ သမီး Ryan ဟာ အဖိုးဖြစ်သူ Daniel တူတူနေထိုင်ပြီး Daniel ကလည်း မြေးမလေး Ryan ရဲ့ ရန်လိုတဲ့ အကျင့်စရိုက်တွေကို အန်တုရင်း တစ်ယောက်တည်းပြုစုပျိုးထောင်ပေးနေခဲ့တယ်။

Alison ရဲ့ စေ့စပ်ပွဲကောသူမမျော်လင့်ထားတဲ့ အရာအားလုံးပျက်စီးပျောက်ကွယ်သွားခဲ့ပြီး သူမလုပ်လိုက်မိတဲ့အမှားအတွက် လိပ်ပြာမလုံသလို ခံစားနေခဲ့ရတယ်။

Daniel နဲ့ Alison တို့ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့နှစ်ဦးအကြား ခွင့်လွတ်မှုတွေ ခင်မင်မှုတွေ 

ဖြစ်လာပြီး ဖြစ်ခဲ့တဲ့အရာတွေကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို အသိသာအထင်ရှားဆုံး ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။

Related Movies