A Lifeguard’s Obsession (2023)

Trailer : A Lifeguard’s Obsession (2023)

A Lifeguard’s Obsession (2023)
Year : 2023 4.4 /10 Sound : SUB HD

Synopsis : A Lifeguard’s Obsession (2023)

ကျွန်တော်တို့တော်တော်များဟာ သူတစ်ပါးကိုကူညီတာပဲဖြစ်ဖြစ် ဒုက္ခရောက်လို့ကယ်ဆယ်တာပဲဖြစ်ဖြစ် လုပ်ပေးတဲ့သူကို လူကောင်း၊ မြင့်မြတ်တဲ့သူလို့ ယူဆတက်ကြပါတယ်…အဲ့ထက်ပိုပြီးတော့ အသက်ကယ်တဲ့သူဆိုရင်တော့ ပိုပြီး အရေးတယူပြုတက်ကြတာ သဘာဝပဲမလား… အသက်ကယ်တဲ့သူက လူဆိုးဖြစ်ပါစေ လူကောင်းဖြစ်ပါစေ မစဥ်းချင်တော့ပဲ ကူညီချင်စိတ်ရှိတဲ့အတွက် လူကောင်းလို့ပဲ ယုံကြည်တက်ကြပါတယ်။

Maggie ဟာ ပင်လယ်မှာပျော်တဲ့ ကောင်မလေးတစ်ယောက်၊ ပင်လယ်မှာပျော်တဲ့သူပီပီ လှိုင်းစီးတာကိုလည်း နှစ်သက်သူတစ်ယောက်ပေါ့။ ဒါမဲ့ ခတ်ကျွဲမှန်သမျှဒဏ်ရာနဲ့မကင်းသလို အားကစားသမားနဲ့ ဒဏ်ရာကလည်း တွဲရက်ဖြစ်နေတော့ Maggie ဟာ တစ်နေ့မှာ ဒူးခေါင်းအရွက်ပြဲ ဒဏ်ရာရသွားပြီး သူနှစ်သက်တဲ့ လှိုင်းစီးတဲ့အားကစားကိုလည်း စွန့်လွှတ်လိုက်ရတော့တယ်…

Cade ကတော့ Maggie ရဲ့ ချစ်သူဖြစ်ပြီး ကမ်းခြေရဲ့ Lifeguard တစ်ဦးအပြင် မိန်းကလေးတွေ အသဲစွဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်… Maggie နဲ့ Cade တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ခဲ့ကြပေမယ့် Maggie ရဲ့ ဒဏ်ရာ‌ကြောင့် နှစ်ဦးသားတစ်‌ဖြေး‌ဖြေး ဝေးကွာလာကြပြီး အဆင်မပြေဖြစ်လာပါတော့တယ်… နောက်ထပ်အကြောာင်းအရင်းတစ်ခုက  

လုပ်ဖော်ကိုင်ဖက်အဆင့်ထက်ပိုတဲ့  Tina ဆိုတဲ့ကောင်မလေးတစ်ယောက်ကြောင့်လည်းပါတယ်ပေါ့…

အဲ့သလို စုံတွဲတွေကြားမှာ အဖုအထစ်လေးရှိလာပြီဆိုရင် အချိုအချောင်နှိုက်ချင်တဲ့ကောင်တွေလည်း ရောက်လာတက်တာထုံးစံပဲလေ… အခုလည်း Maggie တို့ စုံတွဲကြားကို ဝင်လာတဲ့ တတိယလူကတော့ နောက် Lifeguard တစ်ယောက်လည်းဖြစ်တဲ့ Blake… Maggie ကလည်း သူမနဲ့ Cade တို့ရဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးတွေကို မေ့ဖျောက်ချင်လို့တစ်‌ကြောင်း အသက်ကယ်ပေးတဲ့ ကျေးဇူးရှိတာကတစ်‌ကြောင်း Blake အပေါ်တိမ်းညွှန့်ချင်သလိုဖြစ်သွားတဲ့အခါမှာတော့…

Maggie ရယ် Blake ရယ် Cade ရယ် သုံးပွင့်ဆိုင်အချစ်ဇတ်လမ်းလေးတစ်ပုဒ်ကနေ ပျော်ရွှင်စွာဇတ်သိမ်းမလား ဝမ်းနည်းစွာဇတ်သိမ်းမလားဆိုတာ အားလုံးတူတူ ကြည့်ရှု့ခံစားလိုက်ကြရအောင်။

Related Movies