
Trailer : Dangerous Game: The Legacy Murders (2022)
Synopsis : Dangerous Game: The Legacy Murders (2022)
Dangerous Game: The Legacy Murders 2022 : ဒီဇာတ်ကားကတော့ Escape Movie အမျိုးအစားပါ… ကိုယ်တွေဆော့ခဲ့ဘူးတယ်မလား… ရဲနဲ့သူခိုး ဂိမ်းလိုမျိုးပဲ…
အခုဒီဇာတ်ကားထဲမှာက သူခိုးနေရာမှာ လူသတ်သမားဖြစ်သွားတာပါပဲ…
ဝှီးချဲပေါ်မှာအမြဲနေနေရတဲ့ လူအိုကြီး အယ်လီဆန်က တစ်ချိန်က စီးပွားရေးသမားကြီးတစ်ဦးဖြစ်ခဲ့ပြီး… အခုတော့ ကျွန်းတစ်ကျွန်းပေါ်မှာ အိမ်ဆောက်ပြီး သူနဲ့ အိမ်ထိန်းနှစ်ယောက်ပဲသီးသန့်နေပါတော့တယ်…
တစ်နေ့လူအိုကြီး… အဖိုးကြီးလို့ပဲဆိုကြပါစို့… အဲ့အဖိုးကြီးက သူ့သားနှစ်ယောက်နဲ့ မြေးတွေကို သူ့မွေးနေ့အတွက် ကျွန်းပေါ်ကိုလာဖို့ဖိတ်ခေါ်ခဲ့ပါတယ်…
အဲ့ညမှာပဲ ဘယ်သူပို့လိုက်မှန်းမသိတဲ့ ဘုတ်ပြားဂိမ်းရောက်လာပါတယ်… ဂိမ်းကရိုးရှင်းပါတယ်.. လူသတ်သမားရှာရမယ့်ဂိမ်းဖြစ်ပြီး တစ်ယောက်ပဲအသက်ရှင်ခွင့်ရှိမှာပါ…
ကဲ… လူသတ်သမားကဘယ်သူဖြစ်မယ်ထင်ကြလည်း….