
Trailer : Firestarter (2022)
Synopsis : Firestarter (2022)
Firestarter 2022 : အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်…. ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်… နောက်တော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားပြီ:…. အိမ်ထောင်ကျပြီး ကောင်မလေးတစ်ယောက်မွေးလာပါတယ်… စိတ်စွမ်းအားရှင် အဖေနဲ့အမေကမွေးလာတဲ့ ဒီကောင်မလေးက စိတ်ရှိသလိုတွေ့တဲ့အရာဝတ္ထုတိုင်းကို မီးတိုက်နိုင်တဲ့အစွမ်းရှိနေပါတယ်…နျူကလီးယားဗုံးတစ်လုံးလို စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးမကို The Shop က စမ်းသပ်လေ့လာဖို့အတွက် ခေါ်ချင်ပေမဲ့ မိဘတွေကတော့ မထည့်ချင်ပါဘူး… အဲဒီလိုနဲ့ The Shop ဖက်က အတင်းအကြပ် လုယူဖို့ကြိုးစားတဲ့အချိန်မှာ ကလေးအမေက သေသွားပြီး ကလေးနဲ့ကလေးအဖေနဲ့က ထွက်ပြေးရပါတော့တယ်… နောက်တော့ ကလေးကို The Shop အဖွဲ့က ပြန်မိသွားပြီး စမ်းသပ်မှုတွေလုပ်ပါတော့တယ်… လမ်းလျှောက်နေတဲ့ နျူကလီးယားဗုံးလေးကို စိတ်ဆိုးအောင် လုပ်မိသွားတဲ့အချိန်မှာတော့…