
Trailer : Garuda (2022)
Synopsis : Garuda (2022)
Garuda 2022 : ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ဒုစရိုက်နေရာပါ… အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီးဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူပေါ့…တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စားသောက်ဆိုင်ထဲ၀င်ကာစားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်…သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို
သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်… ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲကြည့်ပေးကြပါဦးနော်…