
Trailer : Ghoster (2022)
Synopsis : Ghoster (2022)
Ghoster 2022 : ယူတိုနဂါးကြီးကို အာသာမစ်လာဆိုတဲ့ သူရဲကောင်းက နှိမ်နှင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေလ်းဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်… ဒါပေမဲ့ နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် မှော်ဆရာတစ်ယောက်အကူအညီနဲ့ သေခြင်းတရားကနေကျော်လွန်ပြီး ဝိဥာဥ်တစ်ကောင်အဖြစ်ပြန်ထွက်လာခဲ့ပါတယ်…. အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်း သုတ်သင်ရှင်းလင်းပြီး ဝိဥာဥ်တွေကို ဖမ်းဆီနေလာခဲ့တာ ယနေ့ထိဆို နှစ် ၅၀၀ တောင်ရှိခဲ့ပါပြီ… သူနောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေလ်း အိမ်တော်ကြီးလည်း သရဲခြောက်တဲ့ အိမ်ကြီးအဖြစ်နဲ့သာ ကျန်ခဲ့ပါတော့တယ်… နောက်ဆုံးမှာတော့ အိမ်တော်ကြီးကို အစိုးရက သိမ်းယူတော့မယ့်ဆဲဆဲမှာ အဲလိဇဘက်ဆိုတဲ့ ဝီလီယံရဲ့မျိုးဆက်ပေါ်လာတာကြောင့် နဂါးကြီးယူတိုရဲ့ နောက်ဆုံးဖမ်းဆီးရမယ့် မစ်လာမျိုးဆက်ဖြစ်လာပါတယ်…. နဂါးကြီးကို အက်ကိုဗေလ်းအိမ်မှာအရင်တည်းက ရှိနေတဲ့ ဂိုစတာဆိုတဲ့ ဝိဥာဥ်လေးတဲ့ အဲလိဇဘက်တို့ ပေါင်းစည်းပြီး နှိမ်နှင်းသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှု့လိုက်ပါဦးနော်…